mycitizen.net

Social Networking for Civil Society

User Tools

Site Tools


Sidebar

twitter facebook github Flattr this blog support forum



Get Started


Options


Deployments


Get Involved


Legal


Share

my:manual:faq

မကြာခဏမေးမြန်းခြင်းခံရသောမေးခွန်းများ

ယခုဝက်ဆိုက်သည်တည်ဆောက်ဆဲအဆင့်တွင်သာရှိသေး၍ ယခုဖော်ပြထားသောအဖြေများသည် အနာဂတ်ကာလကိုရည်ညွှန်းဖြေဆိုထားခြင်းသာဖြစ်သည်ကို သတိပြုပါ

အထွေထွေ

mycitizen.net ၏အဓိပ္ပါယ်မှာဘာလဲ။

mycitizen.net သည် နိုင်ငံသားများအတွက် နိုင်ငံသားများ၏ကွန်ရက်တခုဖြစ်သည်။ my သည် မြန်မာ နိုင်ငံ (Myanmar) ကိုရည်ညွှန်းသည်။ မြန်မာနိုင်ငံသည် ကျွနု်ပ်တို့ဝက်ဆိုက်၏ရှေ့ပြေးစမ်းသပ်အခြေချ ရာနေရာဖြစ်သည်။

mycittizen.net က အခြားလူမှုမီဒီယာဝက်ဆိုက်တွေနဲ့ဘာတွေထူးထူးခြားခြားကွာသလဲ။

အောက်ပါထူးခြားသည့်အင်္ဂါရပ်များကိုပေးစွမ်းနိုင်ရန်အတွက် mycitizen.net လိုဝက်ဆိုက်ကိုတည် ဆောက်ရခြင်းဖြစ်သည်။ သာလွန်ကြွယ်ဝသည့်အင်္ဂါရပ်များ (features) ကိုရှာဖွေလိုသူ၊ ဒက်ရှ်ဘုတ်ဆက်တင် ရှုပ်ထွေးမှု ကိုရှောင်ရှားလိုသူများအသုံးပြုနိုင်သည့် ၀က်ဆိုက်ဖြစ်ပြီး ရိုးရှင်းသည်၊ တသမတ်တည်းရှိပြီး အလိုလိုသိမြင်ရှာဖွေနိုင်သောဝက်ဆိုက်တခုဖြစ်သည်။

  • လူများကိုချိတ်ဆက် ဆက်သွယ်ပေးသည်၊ အုပ်စုများဖွဲ့ပြီးစုစည်းပေးသည်၊ ယင်းတို့ကို သတင်း အချက်အလက်များရရှိစေသည်။
  • သတင်းအကြောင်းအရာအချက်အလက်တခု၏ ဆက်နွယ်မှုကို လူအများစိတ်ဝင်စားသိလိုသောအကြောင်းအရာ သို့မဟုတ် နေရာဒေသတခုနှင့်နီးစပ်မှုပေါ် မူ တည်၍ တည်ဆောက်ထားသည်။ သတင်း၏သစ်လွင်ခြင်း၊ လူသိများထင်ရှားခြင်းတို့ပေါ်တည် ဆောက်ထားခြင်းမဟုတ်၊ ထို့ကြောင့် မည်သည့်သတင်းအချက်အလက်မျှ လူသိနည်း၍ဆိုပြီး မထင်မရှားဖြစ်အောင်လုပ်ထားခြင်းမရှိပါ။
  • အသုံးပြုသူများ၊ အုပ်စုများ၊ သတင်းအချက်အလက်များကို တူညီသောအဓိကစာလုံး (keyword) များဖြင့် tag လုပ်ထားပါသည်။ အကြောင်းအရာခေါင်းစဉ်၊ စိတ်ပါ၀င်စားမှု၊ အကြောင်းချင်းရာ စသည်တို့ဖြစ်သည်။ ထိုသို့လုပ်ထားခြင်းကြောင့် ရှာဖွေခြင်း (searching) နှင့် ကမ်းလှမ်းခြင်း (offering) တို့ကိုခွဲခြားထားခြင်းမရှိပါ။ ထို့ကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းများအနေနှင့် ကွန် ရက်ချိတ်ဆက်ရာတွင်လွယ်ကူချောမွေ့စေပြီး လူတိုင်းလင့်ခ်လုပ် ချိတ်ဆက်ထားနိုင်ပါသည်။
  • Tags များကို အဆင့်နှစ်ဆင့်ခွဲထားသည်၊ ယေဘူယျနှင့်အထူးအကြောင်းအရာများဟူ၍ဖြစ်သည်။
  • အင်တာနက်မြန်နှုံးနှေးသောနေရာများ၌ ယခုဝက်ဆိုက်ကို မိုဘိုင်းဖုံး apps များသုံး၍လည်းကြည့် နိုင်ပါသည်။အင်တာနက်ယာယီပြတ်တောက်သွားချိန်တွင်ပင် ကြည့်နိုင်သမျှကြည့်၍ရအောင် apps ကိုစီစဉ်ထားပါသည်။
  • ၀က်ဆိုက်တွင်မိမိတင်သောသတင်းအချက်အလက်ကိုမည်သူတွေသာမြင်တွေ့စေလိုသည် ဆို သည်ကို သုံးစွဲသူကထိန်းချုပ်ထားနိုင်ပါသည်။ (အားလုံးကြည့်နိုင်သည်၊ မှတ်ပုံတင်စာရင်းသွင်း ထားသောသူများသာကြည့်နိုင်သည်၊ လုံးဝကန့်သတ်ထားသည် စသည်ဖြင့်ဖြစ်သည်)
  • (fonts ရှိသလောက်) ဘာသာစုံဖြင့် interface များကိုလွယ်ကူအောင်စီစဉ်ထားပါသည်။ တင်သ မျှကိုဘာသာစုံဖြင့်ရရှိနိုင်ပါသည်။
  • ယခုဝက်ဆိုက်အတွက်အပျော့ထည် (software) ကိုမိမိတို့ရပ်ရွာအဝန်းအဝိုင်းအလိုက်မိမိတို့ ဆာဗာများပေါ်တွင်တင်ထားနိုင်ပါသည်။ ထို့ကြောင့်ဒေတာများအားလုံးမိမိတို့ဆာဗာများပေါ်တွင် သာရှိနေမည်ဖြစ်ပါသည်။
  • ဤအပျော့ထည်သည် မိမိတို့စိတ်ကြိုက်မွမ်းမံပြင်ဆင်နိုင်သည့် (open source) ဖြစ်သည်
  • ထို့ပြင်အခမဲ့လည်းဖြစ်သည်။

အင်တာနက်နှေးသောတိုင်းပြည်များ၌ အဘယ်ကြောင့်မိုဘိုင်း apps ကပိုကောင်းရတာလဲ။

ဖုံးတွင် မိုဘိုင်း apps ကိုသွင်းလိုက်ပါက user interface အတွက်လိုအပ်သော ပုံများ၊ layout information များထည့်သွင်းပြီးသားဖြစ်ပါမည်။ ဆိုလိုသည်မှာ ဤအပျော့ထည်ကိုအသုံးပြုရန် ဖုံး နှင့် ဆာဗာအကြားပေးပို့ရမည့် လိုအပ်သောအချက်အလက်သာပေးပို့ဘို့လိုပါသည်။ Web interface ကိုသင်အသုံးပြုပါက ယခုအပျော့ထည်အတွက်လိုအပ်သော ပုံများ၊ စာမျက်နှာပုံစံအ ထားအသိုများ (layout of pages)၊ စာရင်းနှင့်အစိတ်အပိုင်းများ (list and pieces) တို့ကို ဘရောက်စာ (browser) ကဆွဲချထားရန်လိုပါသည်။ သို့မှသာ ဘရောက်စာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ apps သုံးဆက်သွယ်ခြင်းမှာ မကြာခဏပင်ပိုမိုထိရောက်ပါသည်။

ဤရှေ့ပြေးစမ်းသပ်ချက်အစီအစဉ်ကိုအဘယ်ကြောင့်မြန်မာနိုင်ငံအတွက်လုပ်ရတာလဲ။

ယခုစီမံကိန်းကို အမြတ်အစွန်းအတွက်မဟုတ်သောအဖွဲ့အစည်းဖြစ်သည့် Burma Center Prague ကပြည်တွင်းနှင့်ပြည်ပရှိအရပ်ဖက်လူ့အဖွဲ့အစည်းများလုပ်ပိုင်ခွင့်တိုးတက်ရရှိလာစေမည့် ကိရိယာ တန်ဆာ ပလာတခုအဖြစ်ပြုလုပ်ပေးခြင်းဖြစ်ပြီး မိမိတို့နိုင်ငံ၏အနာဂတ်ကိုပုံဖော်သည့်ဖြစ်စဉ်တွင် ပိုမိုကောင်းမွန်စွာပါ၀င်ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်ပါသည်။ အခြားရပ်ရွာအသိုင်းအဝိုင်းအတွက် တခုတည်းသောအပျော့ထည်ကိုအသုံးပြုဆောင်ရွက်စေခြင်းသည် အမှန်စင်စစ်ဘေးပန်းအပိုရရှိလာ သည့်ရလဒ်ဖြစ်ပါသည်။

၀က်ဆိုက်တည်ဆောက်ခြင်းနှင့်အပျော့ထည်ရေးဆွဲခြင်း

mycitizen.net ကိုလူထုအနေနှုင့်မည်သည့်အခါတွင်အသုံးပြုနိုင်မလဲ။

၂၀၁၄ နှစ် ဒုတိယနှစ်ဝက်တွင်စတင်အသုံးပြုနိုင်ရန်ကျွန်ုပ်တို့ယာယီအားဖြင့်ရည်ရွယ်ထားပါသည်။ အသေးစိတ်သိရှိနိုင်ရန် လမ်းပြမြေပုံ (roadmap) ကိုကြည့်ပါ။

ဤလုပ်ငန်းတွင်ပါ၀င်နိုင်ရန်အခွင့်အလမ်းရှိပါသလား။

ပညာရှင်အဆင့်တွင်ရော၊ သုံးစွဲသူအဆင့်တွင်ပါ ထူးထူးခြားခြားဖြစ်စေရန်အတွက် open source software အသုံးပြုခြင်းကိုစိတ်ဝင်စားသူအားလုံးအားကျွနု်ပ်တို့လိုအပ်ပါသည်။ အစဉ်တစိုက်ပါ၀င် ဆောင် ရွက်နိုင်မည့် စေတနာ့ဝန်ထမ်းများနှင့်အုပ်စုတခုဖွဲ့စည်းလုပ်ကိုင်လိုပါသည်။ အပျော့ထည်ကို ထိန်းသိမ်း ရန် မွမ်းမံတည်ဆောက်ရန် အတွက်သင့်အနေဖြင့်အကူအညီပေးနိုင်ပါသည်။ ဘာသာပြန်ခြင်း၊ အသုံးပြု သူများကိုအထောက်အကူပြုခြင်း၊ မိမိကိုယ်တိုင်ရေးသော deployment များကိုတင်ရန်၊ ဤအကြောင်း လက်ဆင့်ကမ်းပြောပေးရန် တို့ကိုလုပ်ပေးနိုင်ပါသည်။ |ကျေးဇူးပြု၍ကျွနု်ပ်တို့ကိုဆက်သွယ်ပါ။ အပျော့ထည်ရေးသားရာ၌ PHP အခြေခံကာ Nette Framework တွင်ရေးသားရန်ဖြစ်သည်။

my/manual/faq.txt · Last modified: 2013/10/18 11:58 (external edit)