mycitizen.net

Social Networking for Civil Society

User Tools

Site Tools


Sidebar

twitter facebook github Flattr this blog support forum



Get Started


Options


Deployments


Get Involved


Legal


Share

my:manual:detailed_user_instructions

Table of Contents

အသုံးပြု​သူ​အတွက်​ညွှန်​ကြား​ချက်​များ

အကယ်၍​သင်​သည်​လျှင်​မြန်​သော​ယေ​ဘု​ယျဖော်​ပြ​ချက်​ကို​လို​အပ်​လျှင်​ကျွှန်တော်​တို့​၏ crash course ကို​စစ်ဆေး​ကြည့်​ရှု​နိုင်​ပါ​သည်။

အခြေ​ခံ​အစိတ်​အပိုင်း​များ

ကျွန်တော်​တို့​သည် လုပ်ဆောင်​မှု​အမျိုး​မျိုး​အစိတ်​အပိုင်း​များ​ကို​ရှင်း​မ​ပြ​မီ အခြေ​ခံ​အကျ​ဆုံး အဆင့်​မှ​စတင်​ရန်လို​အပ်​သည်။ စနစ်​တစ်​ခု​လုံး​သည်​အတွင်း​ပိုင်း​ဆက်​သွယ်​ထား​သော​အရာ​သုံး​ခု - အသုံးပြု​သူ​များအုပ်စု​များ နှင့် ရင်း​မြစ်​များ ပေါ်​တွင်​ရှိ​နေ​ပြီး - ကျွန်တော်​တို့​သည် ထို​အရာ​များ​ကို ပထမ​ဆုံး​ရှင်း​ပြ​ပါ​မည်။

အသုံးပြု​သူ​များ

အသုံးပြု​သူ​များ​သည် mycitizen.net တွင်​အခြေ​ခံ​ပါဝင်​ဆောင်ရွက်​သူ​များ​ဖြစ်​ပြီး သူ​တို့​သည် အမှန်​တကယ်-ကမ္ဘာ​လုံး​ဆိုင်​ရာ​ပုဂ္ဂိုလ်​များ​သို့​အမြဲ​တစေ​ဆက်​သွယ်​ပြုလုပ်​သည်။ အသုံးပြု​သူ​များ​သည်​အခြား​သော​အသုံးပြု​သူ​များ​ကို ပုဂ္ဂိုလ်​အချင်းချင်း သို့မဟုတ် အုပ်စု​အတွင်း​တွင် ဆက်​သွယ်​နိုင်​သည်။

အုပ်စု​များ

အုပ်စု​များ​ကို​ဆောင်ရွက်​ချက်​များ၊ ပြဿနာ​များ​နှင့်​လို​အပ်​ချက်​များ ဝန်းကျင်​တွင်​ဖွဲ့​စည်း​ထား​သည်။ ဤ​နေရာ​တွင်​အသုံးပြု​သူ​များ​သည် စိတ်​အား​ထက်သန်​ပါဝင်​သော​သူ​များ၊အင်အား​များ​ပေါင်း​စု​ခြင်း​နှင့်​အတွေ့​အကြုံ​ဖ​လှယ်​ခြင်း​များ​ဖြင့်​တွေ့​ဆုံနို်င်​သည်။ အုပ်စု​များ​သည် မ​ဖြေ​ရှင်း​နိုင်​သော​ပြဿနာ​များ သို့မဟုတ် သိသာ​ထင်ရှား​ရှိ​သော​ဆောင်ရွက်​မှု​အစီ​အစဉ်​တစ်​ခု​အတွက်၊ ကမ္ဘာ​လုံး​ဆိုင်​ရာ​ပတ်သက်​မှု​အတွက်၊ အမှန်​တကယ်​ဖြစ်​သော​ကမ္ဘာ့​ပတ်ဝန်းကျင်​တစ်​ခု​အတွင်း ဒေသ​တစ်​ခု​၏​ဆွေးနွေး​ရန် အကြောင်းအရာ​ခေါင်းစဉ်​အတွက် တည်​ရှိ​နိုင်​သည်။ အုပ်စု​များ​၏​အဓိက​လက္ခဏာ​များ​မှ တစ်​ခု​သည်​အုပ်စု​ဖွဲ့​စကားပြော​ခြင်း​ဖြစ်​သည်။ အုပ်စု​များ​သည်​ရင်း​မြစ်​များ​သို့​လည်း​အဖွဲ့​ဝင်​နိုင်​သည်။

ရင်း​မြစ်​များ

အသုံးပြု​သူ​များ​နှင့်​အုပ်စု​များ​သည်​သူ​တို့​၏​ဆောင်ရွက်​မှု​များ​အတွက် သ​တင်း​အချင်​အလက်​ရင်း​မြစ်​များ​လို​အပ်​သည်။ ထို​အရာ​များ​သည်​ဥပဒေ​များ၊ရုံး​အချိန်​များ၊ညွှန်​ကြား​ချက်​နှင့်​ဆိုင်​သော​ဗွီ​ဒီ​ယို​များ၊အကောင်း​ဆုံး​လုပ်ကိုင်​မှုပေါ်​တွင်​သ​တင်း​ပို့​ချက်​များ၊ဆေး​ခန်း​များ​၏​တည်​နေရာ​များ သို့မဟုတ် အခြား​သော​အရာ​များ​ပါဝင်​နိုင်​သည်။ ဖြစ်​နိုင်​ချေ​ရှိ​သော​ရင်း​မြစ်​အမျိုး​အစား​များ​မှာ-

အဖြစ်အပျက် (နေ့စွဲ​နှင့်​အတူ) 1)
အဖွဲ့​အစည်း သို့မဟုတ် သီး​သန့်​ရည်​ရွယ်​ချက်​ရှိ​သော​အဖွဲ့​အစည်း (အမှန်​တကယ်​ကမ္ဘာ​ဝန်းကျင်​တွင်​ဖြစ်​နိုင်​စွာ​တည်​ရှိ​နေ​ခြင်း)
အထောက်​အထား​စာ​ရွက်​စာ​တမ်း​များ(ဥပမာ ဥပဒေ​တစ်​ခု သို့မဟုတ် သ​တင်း​ပို့​စာ​တစ်​ခု;၄င်း​တွင်​ယေဘုယျ​အစီ​အစဉ်​အချို့​နှင့်​ရုပ်ပုံ​များ​ပါဝင်​နိုင်​သည်။)
ဗွီ​ဒီ​ယို (YouTube or Vimeo)
ဗွီဒီယိုပြနေသည်။ (Bambuser)
အသံ (Soundcloud)
အခြား (ပြင်​ပ​ဖြစ်​သော(လင့်)ကွင်း​ဆက်​တစ်​ခု​နှင့်​အတူ အတို​ချုပ်ဖော်​ပြ​ချက်)

အသုံးပြု​သူ​များ​နှင့်​အုပ်စု​များ​သည်​ရင်း​မြစ်​များ​သို့​အဖွဲ့​ဝင်​နိုင်​သည်။ ထို​အရာ​သည်​၄င်း​တို့​ကို​အချက်အလက်​များ​ဝင်​ရောက်​ရ​ရှိ​ရန်ပို​မို​လွယ်ကူ​လိမ့်​မည်။ သင်​သည်​လည်း​ပဲ အသုံးပြု​သူ​တစ်​ယောက် သို့မဟုတ် အုပ်စု​တစ်​ခု​သည် မည်​သည့်​အရာ​ကို​ဆောင်ရွက်​နေ​သလဲ​ဆို​သည်​ကို သူ​တို့​၏​အဖွဲ့​ဝင်​ထား​သော​ရင်း​မြစ်​များ​ကို စစ်ဆေး​ကြည့်​ရှု​ခြင်း​ဖြင့်​မြင်​နိုင်​သည်။ အကြံပေး​ချက်- အကယ်၍​သင်​သည်​ကွန်​ပျု​တာ​ညွှန်ပြ​တံ(မောက်စ်)ကို​အိုင်​ကွန်ပေါ်​တွင်​ထောင်​လိုက်​ပါ​က သင်​သည်​၄င်း​တို့​၏​အဓိပ္ပါယ်​ကို​မြင်​နိုင်​သည်။ အကြံပေး​ချက်​ကိရိယာ​သည်​ရှင်း​ပြ​ချက်​အတို​ချုပ်​နှင့်​အတူပေါ်​လာ​လိမ့်​မည်။


mycitizen.net ကို​အသုံးပြု​ခြင်း

(ဆိုင်း​အပ်)စတင်​ဝင်​ရောက်​ခြင်း

အကယ်၍​သင်​သည် mycitizen.net ကို​အသုံးပြု​လို​လျှင် တစ်ဖက်​တွင်​ရှိ​သော လူထု​နှင့်​ဆိုင်​သော​စာရင်း​အရာ​များ​တွင် အသုံးပြု​သူ​အဖြစ်​စတင်​ဝင်​ရောက်​ရန်လို​အပ်​ပါ​သည်။

မှတ်ပုံတင်​ခြင်း​တွင်​သင်​ရွေးချယ်​သော​အသုံးပြု​သော​အမည်​ကို​ကွန်ပျူတာ​ဆော့​ဝဲ​တွင်​ပြသ​လိမ့်​မည်။ မှတ်ပုံတင်​ခြင်း​ကို သင်​၏​အီး​မေးလ်​လိပ်စာ​သို့​ပေး​ပို့​သော(လင့်)ကွင်း​ဆက်​မှ​တ​ဆင့်​အတည်ပြု​ရန်လို​အပ်​ပါ​သည်။2)

ထို့နောက်​အသုံးပြု​သူ​အသစ်​များ​သည်​သူ​တို့​၏​ကိုယ်​ရေး​ကိုယ်​တာ​အသေး​စိတ်​အချက်အလက်​များ​ကို​ဝင်​ရောက်ဖော်​ပြ​ရန်​အခွင့်​ရေး​ရ​ပါ​လိမ့်​မည်။ ဤ​အချက်အလက်​များ​ကို​သင်​၏ဖော်​ပြ​ချက်​တွင် (အခြား​သော​သူ​များ​ကို​ကူညီ​ခြင်း) မြင်​နိုင်​ပြီး သင်​၏​နောက်​ခံ​အကြောင်းအရာ​များ​ကို​ပိုမို​လေ့​လာ​ရန်ြဖစ်​သည်။ အချို့​သော​အချက်အလက်​များ​ကို​စီ​စစ်​ယူ​ခြင်း​ပြုလုပ်​ပါ​လိမ့်​မည်။ အသေး​စိတ်​အချက်အလက်​အများ​စု​သည် သင်​စိတ်​ကြိုက်​ရွေးချယ်​မှု​ဖြစ်​ပြီး သင်​သည် သင်​၏​သ​တင်း​အချက်အလက်​တစ်​စိတ်​တစ်​ပိုင်း​မြင်​စေ​ရန် သို့မဟုတ် အမည်​မဖော်​လို​ဘဲ​ချန်​ထား​ရန် ရွေးချယ်​နိုင်​သည်။

  • အမည်၊ မိသား​စု​အမည်၊ ဖုန်း​နံပါတ် - ရွေးချယ်​ထား​သော​အသေး​စိတ်​အချက်အလက်​တို့​သည်​အသုံးပြု​သူ​ကို​ဆက်​သွယ်​ရန် (ဘယ်​သူ​ဘယ်​ဝါ​ဖြစ်​ကြောင်း​ပြ​ရန်)ကူညီ​လိမ့်​မည်။
  • အီး​မေးလ် - (အီး​မေးလ်​လိပ်စာ​အပြောင်း​အလဲ)ကို ပ​ထ​မဖော်​ပြ​ထား​သော​အီး​မေးလ်​လိပ်စာ​မှ​တစ်​ဆင့် အတည်ပြု​ရန်လို​အပ်​ပါ​သည်။ ပထမ​လိပ်စာ​ကို​မ​ဝင်​ရောက်​တော့​လျှ​င ်​ပြောင်း​အလဲ​ကို ထိန်း​ချုပ်​သူ​မှ​ပြုလုပ်​ပါ​လိမ့်​မည်။
  • ထင်ရှား​မြင်သာ​ခြင်း - အသုံးပြု​သူ​သည် ဆိုင်း​အင်​ဝင်​ရောက်​ခြင်း​မ​ရှိ​ဘဲ ဝဘ်​ဆိုဒ်​ကို​ဝင်​ကြည့်​သော​လူ​တိုင်း​ကို​မြင်​စေ​သည်၊ ဝဘ်​ဆိုဒ်​တွင်​ဆိုင်း​အင်​ဝင်​ရောက်​ထား​သူ​များ​ကို​သာ​မြင်​စေ​သည်၊ သူငယ်ချင်း​များ​ကို​သာ​မြင်​စေ​ချင်​သည် စ​သည်​တို့​ကို​ရွေးချယ်​နိုင်​သည်။ အသေး​စိတ်​သိ​ရန်​အတွက်​အောက်​တွင်​ကြည့်​့​ရှု​ပါ။
  • ဘာသာ​စကား - အသုံးပြု​သူ​သည်​မူရင်း​ဘာသာ​စကား​ကို​အသုံးပြု​နိုင်​သည်။ ၄င်း​သည်​အခြား​သော​ဘာသာ​စကား​များ​ကို​အသုံးပြု​နိုင်​သည် သို့မဟုတ် မြင်​နိုင်​သည် စ​သ​ဖြင့်​အကျိုး​မ​သက်ရောက်​နိုင်​ပေ။သို့သော်​၄င်း​သည်​သင့်​ကို​မည်​ကဲ့သို့​ဆက်​သွယ်​ရ​မည်​ကို​သိရှိ​ရန် အခြား​သော​သူ​များ​ကို​ကူညီ​လိမ့်​မည်။
  • ဖော်​ပြ​ချက် - သင်​၏​နောက်​ခံ​အကြောင်းအရာ သို့မဟုတ် သင်​၏​ရည်​ရွယ်​ချက် (ဒီ​အရာ​ကို​လုပ်​ရ​ခြင်း​၏​အကြာင်း​ရင်း) အတို​ချုပ်​အချက်​အလက်ဖော်​ပြ​ခြင်း
  • ရုပ်ပုံ - ပုံ​တူ​တစ်​ခု။ ပုံ​ရိပ်​ကို​ပေး​ပို့​ပြီး​နောက် သင်​သည်​အပိုင်း​တစ်​ခု​ကို​ရွး​ချယ်​ရန်လို​အပ်​ပြီး ၄င်း​သည်​ပုံ​ရိပ်​ကို​အိုင်​ကွန်​များ​ကဲ့သို့ ပေါ်ပေါက်​လာ​ရန်​နှင့်​ဆိုဒ်​အနေအထား​ပြင်​ရန်​ဖြစ်​သည်။
  • တွဲ​ရန်​အဓိက​စကားလုံး​များ - အသုံးပြု​သူ​၏​ကိုယ်​ပိုင်​စိတ်ဝင်စား​မှု​များ သို့မဟုတ် ခေါင်းစဉ်​များ။ တွဲ​ထား​သော(တိတ်စ်)အဓိက​စကားလုံး​များ​သည် လူ​ကြိုက်​များ​ခြင်း​ဖြစ်​ရန် အရေး​ပါသော​အခန်း​ကဏ္ဍ​အဖြစ်​ပါဝင်​သည်။
  • တည်​နေရာ - ဒီ​နေရာ​တွင်​အသုံးပြု​သူ​သည် သူ/သူမ​၏​ပထဝီ​ဝင်​တည်​နေရာ​ကို​ရ​ယူ​နိုင်​သည်။ ၄င်း​သည်​တိ​ကျ​သော​တည်​နေရာ​ကို​ရှာဖွေ​ရန်​အတွက်​ဆက်​စပ်​သည်။

ဆိုင်း​အင်​ဝင်​ရောက်​ခြင်း

သင်​သည်​သင်​၏​အသုံးပြု​သူ​အမည်​နှင့်​စကားဝှက်​နှင့်​အတူ​ဆိုင်း​အင်​ဝင်​ရောက်​နိုင်​သည်။ အကယ်၍​စကားဝှက်​ကို​မေ့​သွား​ပါ​က ၄င်း​စကားဝှက်​ကို​ပြောင်းလဲ​ရန် သင်​သည်(လင့်)ကွင်း​ဆက်​တစ်​ခု​ကို သင်​၏​အီး​မေး​လိပ်စာ​သို့ တောင်း​ဆို​နိုင်​သည်။

အိမ်​ဖန်​သား​ပြင်

သင်​ဝဘ်​ဆိုဒ်​ဆော့​ဝဲ​သို့​ဝင်​သော​အခါ​သင်​ပထမ​ဆုံး​အိမ်​ဖန်​သား​ပြင်​ကို​မြင်​ရ​လိမ့်​မည်။သင်​ဆိုင်း​အင်​ဝင်​ရောက်​ပြီး​သူ​လား၊ ဧည့်သည်​အဖြစ်​သာ​လျှင်​ဝင်​ရောက်​သူ​လားပေါ်​မှာ​မူ​တည်​ပြီး သ​တင်း​အချက်အလက်​များ​ကို ဖော်​ပြ​လိမ့်​မည်။

ဧည့်သည်​များ​အနေ​ဖြင့်​မြင်​ရ​သော​မြင်​ကွင်း

ဆိုင်း​အင်​မ​ဝင်​ရောက်​သော​လာ​ရောက်​လေ့​လာ​သူ​များ​သည် အသုံးပြု​သူ​များ၊အုပ်စု​များ​နှင့်​ရင်း​မြစ်​များ​၏​ယေ​ဘု​ယျဖော်​ပြ​ချက်​နှင့်​မျက်နှာစာ​အကြောင်းအရာ​များ​ကို​မြင်​ရ​လိမ့်​မည်။ ဧည့်သည်​များ​အနေ​ဖြင့်​သူ​တို့​သည်​မြင်သာ​နိုင်​မှု(ကမ္ဘာ)ရှိ​သော​အကြောင်းအရာ​များ​ကို​သာ​မြင်​နိုင်​သည်။ အိမ်​ဖန်​သား​ပြင်ပေါ်​တွင်​သင်​သည် ဝဘ်​ဆော့​ဝဲ​နှင့်​ပတ်သက်​ပြီး​ယေဘုယျ​သ​တင်း​အချက်အလက်​ကို​တွေ့​နိုင်​ပြီး သင်​သည်​အသုံးပြု​သူ​အချက်အလက်​၏​ဘာသာ​စကား​ကို​ပြောင်း​နိုင်​သည်။

ဆိုင်း​အင်​ဝင်​ရောက်​ပြီး​နောက်​မြင်​ရ​သော​မြင်​ကွင်း

သင်​ဆိုင်း​အင်​ဝင်​ပြီး⁠ပြီး​ချင်း ယေ​ဘု​ယျဖော်​ပြ​ချက်​ကို ပုဂ္ဂိုလ်​ရေး​သ​တင်း​အချက်အလက်​အနေ​ဖြင့် သင်​အဖွဲ့​ဝင်​အဖြစ်​ရှိ​နေ​သော​သင်​၏​သူငယ်ချင်း​များ၊အုပ်စု​များ​နှင့်​အဖွဲ့​ဝင်​ထား​သော​ရင်း​မြစ်​များ​နှင့် ပတ်သက်​၍​အစားထိုး​နိုင်​သည်။ (ကီး)သော့​နှင့်​အတူ​သင်္ကေတ​တစ်​ခု​သည် သင်​ထိန်း​ချုပ်​သူ​အဖြစ်​ရှိ​သော​နေရာ သို့မဟုတ် သင်​ဖန်တီး​ထား​သော​အုပ်စု​များ​နှင့်​ရင်း​မြစ်​များ​၏​အမှတ်အသား​ဖြစ်​သည်။

ညာဖက်ထိပ်ထောင့်တွင်သင်သည်​အခြား​သော​အသုံးပြု​သူ​များ​ထံ​မှ​သတင်းပေး​ပို့​ချက်​များ​နှင့်​စနစ်​သ​တင်း​များ (ဥပမာ - တစ်​စုံ​တစ်​ယောက်​သည်​သင်​ကို​သူငယ်ချင်း​အဖြစ်​လက်ခံ​ပြီး​ပြီ။) စ​သည်​တို့​ရှိ​သော​သေတ္တာ​ကို တွေ့​ရှိ​ပါ​လိမ့်​မည်။ အချက်အလက်​ကို​ညွှန်ပြ​ပေး​သည့်​အရာ(ညွှန်ပြ​တံ)သည် သင်​မ​ဖတ်​ရ​သေး​သော သ​တင်း​များ​ရှိ​နေ​သလား​ဟု​သင့်​ကို​ပြသ​ပါ​လိမ့်​မည်။

စာရင်း​ဖန်​သား​ပြင်

ထိပ်​တွင်​ရှိ​သော​ရွေးချယ်​စရာ​စာရင်း​မှ​သင်​သည် အသုံး​ပြူ​သူ​များအုပ်စု​များ သို့မဟုတ် ရင်း​မြစ်​များ စာရင်း​သို့​သွား​နိုင်​ပါ​သည်။ ဤ​ဖန်​သား​ပြင်​များ​အားလုံး​ကို​တူညီ​သော​နည်း​လမ်း​ဖြင့်​တည်ဆောက်​ထား​ပါ​သည်။ ဘယ်​ဘက်ကော်​လံ​တွင် သင်​သည်​ရွေးချယ်​ထား​သော​အမျိုး​အစား​အလိုက်​စာရင်း​တစ်​ခု​ကို​မြင်​နိုင်​သည်။ ဤ​စာရင်း​ကို​စီ​စစ်​ယူ​နိုင်​သည်။ ညာ​ဖက်​အောက်​ခြေ​တွင်​စီ​စစ်​ယူ​မှု​ကိရိယာ​သည်​အလုပ်​လုပ်​နေ​သလား သို့မဟုတ် အလုပ်​မ​လုပ်​နေ​ဘူး​လား​ဆို​သည်​ကို​ညွှန်ပြ​ပါ​လိမ့်​မည်။

အာ​ကယ်​၍​သင်​သည်​စာရင်း​တွင်​အရာ​တစ်​ခု​ကို​နှိပ်​လိုက်​ပါ​က အတို​ချုပ်​ယေ​ဘု​ယျဖော်​ပြ​ချက် (ဖော်​ပြ​ချက်​တစ်​ခု​နှင့်​ရွေးချယ်​ထား​သော​အရာ​၏​ဆက်​သွယ်​ချက်​များ)ကို​ရ​ရှိ​နိုင်​သည်။

  • ရွေးချယ်​ထား​သော​အသုံးပြု​သူ​အတွက် သင်​သည် အသုံးပြု​သူ​အဖွဲ့​ဝင်​ဖြစ်​သော​အုပ်စု​များ၊ အသုံးပြု​သူ​အဖွဲ့​ဝင်​ပြီး​ဖြစ်​သော​ရင်း​မြစ်​များ​ကို မြင်​နိုင်​သည်။
  • ရွေးချယ်​ထား​သော​အုပ်စု​အတွက် သင်​မြင်​တွေ့​သော​အသုံးပြု​သူ​များ​သည်​အုပ်စု​၏​အဖွဲ့​ဝင်​များ​ဖြစ်​သည်။
  • ရွေးချယ်​ထား​သော​ရင်း​မြစ်​အတွက် သင်​မြင်​တွေ့​သော​အသုံးပြု​သူ​များ​သည်​အုပ်စု​သို့​အဖွဲ့​ဝင်​ထား​သူ​များ​ဖြစ်​သည်။

သင်​သည် သင်​မှာ (သူငယ်ချင်း​အဖြစ်၊အဖွဲ့​ဝင်​အဖြစ် သို့မဟုတ် အဖွဲ့​ဝင်​ခြင်း) စ​သည့်​အရာ​သို့​ဆက်​သွယ်​ချက်​ရှိ​သလား၊ သင်​သည်​ယေဘုယျ​ဆောင်ရွက်​ချက်​များ​တင်​ဆက်​နိုင်​သလား ဆို​သည်​ကို​မြင်​နိုင်​သည်။ အကယ်၍​ဤ​အရာ​သည်​သင့်ကို်​ပိုင်ဆိုင်​လျှင် (အကယ်၍​သင်​သည်​သင်​၏​ကိုယ်​ပိုင်(ပ​ရို​ဖိုင်း)ကို​မြင်​လျှင် သို့မဟုတ် သင်​သည်​ပိုင်​ရှင် သို့​မ​ဟူတ် အုပ်စု/ရင်း​မြစ်​၏ ထိန်း​ချုပ်​သူ​ဖြစ်​လျှင် သင်​သည်​လည်း​တည်း​ဖြတ်​နိုင်​သည်။

အသေး​စိတ်​ဖန်​သား​ပြင်

ယေဘုယျ​သုံးသပ်​ချက်​တွင် သို့မဟုတ် အိပ်ဖန်သား​ပြင်ပေါ်​တွင် ရှိ​သော​အရာ​၏​အမည်​ကို​နှိပ်​လိုက်​ပါ​က သင်​သည်​ထို​အရာ​၏​အသေး​စိတ်​အချက်အလက်​ကို​ရ​ယူ​နိုင်​လိမ့်​မည်။ သင်​သည်​နောက်ထပ်​သေး​စိတ်​အချက်အလက်​အချို့(“တိတ်စ်”အဓိက​စကားလုံး​များ၊ တည်​နေရာ​နှင့်​ပိုင်​ရှင်​ကို​မြင်​နိုင်​သည်)။ ရင်း​မြစ်​များ​၏​ကိစ္စ​တွင် သင်​သည် အချက်အလက်​အပြည့်၊ဖတ်​ရန်​အထောက်​အထား၊ ကြည့်​ရန်​ရုပ်​ရှင်​များ​နှင့် ဖွင့်​ရန်​အသံ​ဖိုင်​များ ရ​နိုင်​ပါ​လိမ့်​မည်။ အုပ်စု​တစ်​ခု​၏​အဖွဲ့​ဝင် သို့မဟုတ် ရင်း​မြစ်​တစ်​ခု​၏​အဖွဲ့​ဝင်​အဖြစ် သင်​သည်​အုပ်စု​လိုက်​စကားပြော​ခြင်း သို့မဟုတ်​ရင်း​မြစ်ပေါ်​တွင်​ဝေဖန်​သုံးသပ်​ချက်​ပို့​ခြင်း​ကို မြင်​နိုင်၊အသုံးပြု​နိုင်​သည်။

အုပ်စု​လိုက်​စကားပြော​ခြင်း

အုပ်စု​လိုက်​စကားပြော​ခြင်း​သည်​အုပ်စု​၏​အဓိက​လက္ခဏာ​များ​ထဲ​မှ​တစ်​ခု​ဖြစ်​ပြီး ထို​နေရာ​တွင်​အုပ်စု​နှင့် ပတ်သက်​သော​ခေါင်းစဉ်​များ​နှင့်​အကြောင်းအရာ​နှင့်​ပတ်သက်​၍​ပြော​နိုင်​သည်။ စကားပြော​ခြင်း​သည်​၄င်း​ကိုယ်တိုင်​အသစ်​တစ်​စုံ​တစ်​ခု​ပို့​ပြီး​တိုင်း​ပြန်လည်​တင်​ပို့​ပေး​သည် သို့မဟုတ် သင်​သည်​ဤ​လုပ်​ငန်း​ကို​သက်ဝင်​လှုပ်ရှား​မှု​မ​ရှိ​အောင်(ပယ်​ရှား​ရန်)နှင့် အလို​အလျှောက်​ပြန်လည်​တင်​ပို့​အောင်​လုပ်​နိုင်​သည်။ သတင်းပေး​ပို့​ချက်​ကို (လင့်)ကွင်း​ဆက်​များ​အပါအဝင်​အခြေ​ခံ​သီးခြား​အစီ​အစဉ်​တွင်​ထိန်းသိမ်း​နိုင်​သည်။

အကယ်၍​သင်​သည်​သ​တင်း​၏​အောက်​ခြေ​မှ​ပြန်စာ​ကို​နှိပ်​လိုက်​ပါ​က ထို​သ​တင်း​၏​အစ​ကို တည်း​ဖြတ်​သူ​ပြတင်း​တွင်​ရေး​သူ​၏​အမည်၊ အချိန်​နှင့်​အတူ​မူရင်း​အတိုင်း​ပြန်ပြော​ပြ​ပါ​လိမ့်​မည်။သင်​ပြန်စာ​ကို​ပို့​ပြီး​နောက် ဤ​မူရင်း​စာ​သည် သင်​ပြန်စာ​ပို့​ပြီး​သည့်​သ​တင်း​ကို (ဘယ်​သူ​ဘယ်​ဝါ​ဘယ်​အကြာင်း​အရာ​ဖြစ်​ကြောင်း)သက်သေပြ​ရန်​ကူညီ​ပါ​လိမ့်​မည်။ သို့သော်​လည်း​သင်​၏​မောက်စ်(ကွန်​ပြူ​တာ​မောက်စ်)သည်​မူရင်း​သ​တင်း​ကို မျဉ်း​တား​ရန်​နှင့်​စာ​မျက်နှာ​ကို​ထက်​အောက်​ရွေ့​ရ​ပါ​မည်။ (မှက်​ချက် - ဤ​အလုပ်​များ​သည် တူညီ​သော​ဖန်​သား​ပြင်​တွင်​ရှိ​သော​မူရင်း​သ​တင်း​အတွက်​သာ​လျှင်)

ဖန်တီး​ခြင်း​နှင်​တည်း​ဖြတ်​ခြင်း​အရာ​များ

အုပ်စု​များ​နှင့်​ရင်း​မြစ်​များ​ကို တိ​ကျ​သော​အချိန်​တစ်​ခု​အတွင်း​မှတ်ပုံတင်​ထား​သော ထိန်း​ချုပ်​သူ​များ​နှင်​အသုံးပြု​သူ​များ​က ဖန်တီး​ပါ​သည်။ ဤ​အစမ်း​ခန့်​ကာလ​သည် အသုံးပြု​သူ​များ-သူ​တို့​မည်​သည့်​အရာ​မှ​မ​ဖန်တီး​မီ(မ​ပြုလုပ်​မီ) ရှင်းလင်း​သော​မှတ်တမ်း​တစ်​ခု​ရှိ​သည်​ကို သေချာ​အောင်​ပြုလုပ်​ခြင်း​ဖြင့် ကြော်ငြာ​စာ​များ​ပေး​ပို့​ခြင်း သို့မဟုတ် အခြား​သော​ပြဿနာ​များ​ကို ကာ​ကွယ်​ရန်​ကူညီ​ပါ​သည်။ သို့သော်​လည်း သူ​တို့​ကို သူ​တို့​၏​လွတ်လပ်​ခွင့်​ကို​တ​လွဲ​အသုံး​ချ​ပါ​က၊ စည်း​မျည်း​စည်းကမ်း​များ​ကို​ချိုး​ဖောက်​ပါ​က အခွင့်​ထူး​ကို​ထိန်း​ချုပ်​သူ​များ​မှ​တရားဝင်​ရုပ်သိမ်း​နိုင်​ပါ​သည်။ မည်​သည့်​ကိစ္စ​တွင်​မ​ဆို သင့်​ကို သင်​၏​ကိုယ်​ပိုင်(ပ​ရို​ဖိုင်း)ဖော်​ပြ​ချက်​ကို​တည်း​ဖြတ်​ရန်​ခွင့်​ပြု​သည်။ အကယ်၍​သင်​မှာ​ဤ​ဖန်တီး​ခြင်း​အခွင့်​ရေး​များ​ရှိ​ပါ​က သင်​သည်​အောက်​တွင်​အုပ်စု​များ​နှင့်​ရင်း​မြစ်​များ​စာရင်း​ကို အရာ​သစ်​များ​ဖန်တီး​ရန်​မြင်​ပါ​လိမ့်​မည်။ အရာ​သစ်​များ​ဖန်တီး​ရန်​ဖန်​သား​ပြင်​သည် သင်​တည်း​ဖြတ်​သော အရာ​များ​တည်​ရှိ​သော​နေရာ​ပုံစံ​မျိုး​ဖြစ်​သည်။ သင်​ဖန်တီး​သော​အရာ​များ​၏​အဓိက​ကွဲပြား​ခြား​နား​ချက်​သည်​အောက်​ပါ​အဆင့် ၂ ဆင့် ဖြစ်​သည်။ ပထမ​အဆင့်​တွင်​သင်​သည်​နာမည်​နှင့်ဖော်​ပြ​ချက်​အတို​ချုပ်​ကို​ဝင်​ရ​မည်။အုပ်စု​တစ်​ခု​ဖန်တီး​ရာ​တွင်​သင်​သည်​ရုပ်ပုံ​တစ်​ခု​ကို​တင်​ပို့​နိုင်​ပြီး​၄င်း​ကို​ဆိုဒ်​အရွယ်​အစား​ညှိ​ပြီးပေါ်​ပေါက်​ရန်ပြု​လုပ်​ဖို့​လို​သည်။ ရင်း​မြစ်​တစ်​ခု​ဖန်တီး​ရာ​တွင် သင်​သည်​ရင်း​မြစ်​အမျိုး​အစား​အမျိုး​မျိုး​မှ​ရွေးချယ်​ရ​မည်။ သ​တင်း​အချက်အလက်​များ (ဥပမာ - စာသား၊ ကွင်း​ဆက် သို့မဟုတ် ဗွီ​ဒီ​ယို​တစ်​ခု​၏​အိုင်​ဒီ)ဝင်​ရ​မည်။ ဒုတိယ​အဆင့်​တွင် (အကယ်၍​သင်​ဖန်တီး​သော​အရာ​တွင်​ပထဝီ​ဝင်​တည်​နေရာ​ရှိ​ပါ​က) သင်​သည်​တည်​နေရာ​မြေပုံ​ကို​ရွေးချယ်​နိုင်​သည်။ ပြီး​နောက်​သင်​သည် ရင်း​မြစ်​ဖြင့်​ခြံု​ငုံ​မိ​သော​ခေါင်းစဉ်​များ သို့မဟုတ် အုပ်စု​ကို​ဦးတည်​သော အကောင်း​ဆုံးဖော်​ပြ​ချက်​ဖြစ်​သော​အဓိက​စကားလုံး​များ​ကို​ပေါင်း​ထည့်​နိုင်​သည်။


မြေပုံ​များ

အကယ်၍တည်နေရာကိုသိမ်း​ပြီး(ရ​ရှိ)ပါ​က​မြေပုံ​များ​ကို​ပြသ​ပါ​မည်။ အုပ်စု​များ​နှင့်​ရင်း​မြစ်​များ​အများ​စု​တွင်​ပထဝီ​ဝင်​တည်​နေရာ​မ​ရှိ​ပေ။ အသုံးပြု​သူ​များ​၏​တည်​နေရာ​များ​သည် သူ​တို့​သည် သူ​တို့​၏ (ပ​ရို​ဖိုင်း)ဖော်​ပြ​ချက်​များ​တွင်​မည်​သည့်​အရာ​ကို​သိမ်းဆည်း​ရန်(ရ​ရန်)ရွေးချယ်​ပြီး​ပြီ ဆို​သည်​ကို ပြသ​ပါ​သည်။ သူ​တို့​၏​အစစ်​အမှန်​တည်​နေရာ​သည်မ​ရှိ​ပေ။ထို​အရာ​၏​အဆင့်​အနေအထား​ကို​အနီ​ရောင် အမှတ်အသား​ဖြင့်​ပြသ​ပါ​သည်။ အကယ်၍​သင်​၏(ဘ​ရောက်​စာ)ဒေ​တာ​ပြသ​ခြင်း​သည် သင့်​ကို သင်​၏​တည်​နေရာ​ကို​ပြန်ယူ​ရန်​ခွင့်​ပြု​ချက်​အတွက်​မေး​လျှင် ၄င်း​ကို​အပြာ​ရောင်​အမှတ်အသား​ဖြင့်​မြေ​ပုံပေါ်​တွင်​ပြသ​လေ့​ရှိ​သည်။ ဤ​အဆင့်​အနေအထား​ကို google က ၄င်း​ကို​ဆုံးဖြတ်​ရန်​တိ​ကျ​သ​မျှ​တိ​ကျအောင်​စီစဉ်​ပါ​မည်။ အကယ်၍​ထို​အရာ​၏​အဆင့်​အနေအထား​နှင့်​သင်​၏​လက်​ရှိ​အဆင့်​အနေအထား​နှစ်​ခု​စလုံး​ကို​ရ​နိုင်​လျှင် မြေပုံ​သည်​ထို​နှစ်​ခု​စလုံး​အတွက် ၄င်း​၏​မြင်​ကွင်း​အနေအထား​ကို​ကြိုးစား​၍​ထိန်း​ညှိ​ပါ​လိမ့်​မည်။မြေပုံ​အောက်​တွင်​သင်​တွေ့​ရှိ​သော​နှိပ်​ခ​လုပ်​များ​သည် မြေပုံ​ကို​အနေအထား​ရွေ့​ပြောင်း​ရန်​နှင့် ညာ​ဖက်​တွင်​သင်​နောက်ထပ်​တွေ့​ရှိ​သော​နှိပ်​ခ​လုပ်​များ​သည်​အထူး​ပြု​သော​တည်​နေရာ​များ​ကို​မြင်​ကွင်း​ကျယ်​ရန်၊ကျဉ်း​ရန်​ဖြစ်​သည်။ စာသား​နေရာ​သည်​သင့်​ကို​နေရာ​တစ်​ခု​ကို​ရှာဖွေ​ရန်​အတွက်​တက်​နိုင်​ပါ​သည်။အချို့​ကိစ္စ​များ​တွင်​ထို​အရာ​သည်​မြို့​တစ်​ခု​ကို​ပေး​ရန်​လုံလောက်​သ​ည။် (ဥပမာ-န​ယူး​ယောက်) သင်​သည်​သင်​၏​တိုင်း​ပြည်​၏​အမည်​ကို​ပေါင်း​ထည့်​၍​လည်း​အသေး​စိတ်​အချက်အလက်​ကို​ပေး​နိုင်​သည်။ (ဥပမာ-အို​ဒေ​ဆာ၊အမေ​ရိ​ကား သို့မဟုတ် အို​ဒေ​ဆာ၊ယူ​က​ရိန်း)


အရာ​ဝထ္ထု​များ​ကိုဖော်​ပြ​ရန်​အတွက််​တွဲ​ရန်​အဓိက​စကားလုံး​များ

(တိတ်စ်) တွဲ​ရန်-အဓိက​စကားလုံး​များ​သည် စိတ်ဝင်စား​မှု​များ၊ ခေါင်းစဉ်​များ သို့မဟုတ် အကြောင်းအရာ​များ​ကို ကိုယ်စား​ပြု​သည်။ ထို့​ကြောင့်​သူ​တို့​သည် သင့်​ကို ဘယ်​လို​အသုံးပြု​သူ​ဖြစ်​သလဲ သို့မဟုတ် ဘယ်​အုပ်စု​များ​နှင့်​ပတ်သက်​သလဲ သို့မဟုတ် ဘာ​ရင်း​မြစ်​မျိုး​ဖြစ်​သလဲ ဆို​သည်​ကို​ပြ​သည်။ အကြောင်းအရာ​အားလုံး​ကို စီ​စစ်​ယူ​မှု​ကိရိယာ​ကို​ဖြတ်​သန်း​၍ သူ​တို့​၏​အဓိက​စကားလုံး​များ​ဖြင့် ရှာဖွေ​နိုင်​သည်။ သင်​သည် သင်​၏(ပ​ရို​ဖိုင်း)ဖော်​ပြ​ချက်​ကို​တည်း​ဖြတ်​သော​အခါ သို့မဟုတ် အုပ်စု​များ၊ရင်း​မြစ်​များ​ကို​ဖန်တီး​သော​အခါ သင်​သည် သင်​၏​တွဲ​ရန်​အဓိက​စကားလုံး​များ​ကို​ဂရု​တ​စို​ုက်​ရွေးချယ်​ရ​မည်။ မှန်ကန်​သော(တိတ်စ်)အဓိက​စကားလုံး​များ (တွဲ​ခြင်း)အသုံးပြု​ခြင်း​ဖြင့် သင့်​ကို စိတ်​တူ​သဘောတူ​ပုဂ္ဂိုလ်​များ​က ရှာဖွေ​တွေ့​ရှိ​ပါ​လိမ့်​မည်။ (တိတ်စ်)တွဲ​ရန်​အဓိက​စကားလုံး​များ​ကို​အဆင့် ၂ ဆင့် - မိဘ​နှင့်​ကလေး​တိတ်စ်​များ​ဟူ၍​ဖွဲ့​စည်း​ထား​ပါ​သည်။ ၄င်း​တို့​သည်​အရာ​တစ်​ခု​ကို​သီး​သန့်​ခေါင်းစဉ်​နှင့်​အတူ အသေး​စိတ်​အဓိက​အကြောင်းအရာ​ကိုဖော်​ပြ​သော​စကားလုံး​မျုား​နှင့်​အတူ​တွဲ​သော​ဖြစ်​နိုင်​ခြေ​ကို​ပြုလုပ်​ထား​သည်။ မိဘ​အဆင့်ပေါ်​တွင် ပိုမို​သော​ကျယ်​ပြန့်​ပြည့်စုံ​သော​အဓိက​စကားလုံး​ကို​ရှာ​ခြင်း​ဖြင့်​၄င်း​ကို​ရှာ​တွေ့​နိုင်​သည်။ ဥပမာ (လူ့​အခွင့်အရေး​ခေါ​ငး​်​စဉ်​ရှာ​လိုက်​လျှင်​အသေး​စိတ်​အကြောင်းအရာ​ခေါင်းစဉ် လွတ်လပ်​စွာ​ပြောဆို​ခွင့်၊ ကလေး​အခွင့်အရေး​များ စ​သည်​တွေ့​ရ​မည်။)

  • လူ့​အခွင့်အရေး​များ
  • နှိပ်စက်​ညှင်းပန်း​ခြင်း​မှ​လွတ်လပ်​ခွင့်
  • လွတ်လပ်​စွာ​ပြောဆို​ခွင့်
  • လွတ်လပ်​စွာ​လှုပ်ရှား​သွား​လာ​ရွေ့​ပြောင်း​ခွင့်
  • အမျိုးသမီး​အခွင့်အရေး​များ
  • ကလေး​အခွင့်အရေး​များ
  • ပတ်ဝန်းကျင်
  • အမှိုက်​စီမံ​ခန့်​ခွဲ​ခြင်း
  • ပြုပြင်​ပြောင်းလဲ​သော​စွမ်း​အင်

(တိတ်စ်) တွဲ​ရန်​အဓိက​စကားလုံး​များ​ကို​စီမံ​ခန့်​ခွဲ​သူ​မှ​ဖန်တီး​နိုင်​သည်။အကယ်၍​အသုံးပြု​သူ​များ​သည်(တိတ်စ်)အဓိက​စကားလုံး​များ​ထပ်​ပေါင်း​ထည့်​ရန်လို​အပ်​လျှင် သူ​တို့​သည် အသုံးပြု​သူ​၏​ရ​နိုင်​သော​လမ်းကြောင်း​များ​ကို​ဖြတ်​၍​တောင်း​ဆို​ကောင်း​တောင်း​ဆို​နိုင်​ပါ​သည်။


စီ​စစ်​ယူ​ခြင်း​ဖြင့်လျော်​ကန်​သင့်မြတ်​သော​အရာ​များ​ကို​ရှာဖွေ​ခြင်း

mycitizen.net's သဘောထား​၏​အဓိက​အပိုင်း​မှ​စီ​စစ်​ယူ​မှု​ကိရိယာ​များ။ စီ​စစ်​ယူ​မှု​ကိရိယာ​များ​သည် သင်​နှင့်​သင်​၏​လှုပ်ရှား​ဆောင်ရွက်​မှု​များ​နှင့်လျော်​ကန်​သင့်မြတ်​သော အသုံးပြု​သူ​များ၊အုပ်စု​များ​နှင့်​ရင်း​မြစ်​များ စာရင်း​တစ်​ခု​လုံး​ကို​ကန့်​သတ်ဖော်​ပြ​ပေး​ခြင်း​ဖြင့် သင့်​ကို​ကူညီ​ပါ​လိမ့်​မည်။

စီ​စစ်​ယူ​မှု​ကိရိယာ​ကို​လျှောက်ထား​ခြင်း​ဖြင့်​ဖန်​သား​ပြင်ပေါ်​တွင်​ရှိ​သော​စာရင်း​ကို စီ​စစ်​ယူ​မှု​များ​နှင့်​အရာ​ဝထ္ထု​များ​ကို​တွဲ​ရန်​အတွက် လျော့​ချ​ပေး​ပါ​လိမ့်​မည်။ အရာ​များ​ကို သူ​တို့​၏​နာမည်၊တွဲ​ရန်​ဖိုင်​များ၊ဘာသာ​စကား၊တည်​နေရာ သို့မဟုတ်​ရင်း​မြစ်​များ၊ရင်း​မြစ်​အမျိုး​အစား​အား​ဖြင့် စီ​စစ်​ယူ​နိုင်​ပါ​သည်။ ချို့​ယွင်း​ချက်​သည် စီ​စစ်​ယူ​မှု​ကိရိယာ​ကို​ဖြတ်​သော​အရာ​များ​၏​အုပ်စု​သည် စီ​စစ်​ယူ​မှု​ကိရိယာ​၏​စံ​ချိန်​စံ​ညွှန်း​တစ်​ခု​စီ​ဖြင့်​လျော့​ချ​ပါ​သည်။ သို့သော်​သင်​သည် “(OR) သို့မဟုတ်” အား​ဖြင့်​စီ​စစ်​ယူ​မှု​ကိရိယာ​များ​ဖြင့်​ဆက်​သွယ်​နိုင်​ပါ​သည်။ သင်​သည် စံ​ချိန်​စံ​ညွှန်း​တစ်​ခု သို့မဟုတ် အခြား​သော​စံ​ချိန်​စံ​ညွှန်း​နှင့်​တွဲ​မိ​သော​အရာ​များ​ကို​ရှာဖွေ​နိုင်​ပါ​သည်။ စီ​စစ်​ယူ​မှု​ကိရိယာ​သည်​ဖန်​သား​ပြင်​၏​အထက်​အလွှာ(ဒေ​တာ) တစ်​ခု​ထဲ​တွင်​ဖွင့်​ထား​သည်။ စံ​ချိန်​စံ​ညွှန်း​တစ်​ခု​ပြီး​တစ်​ခု​ရွေးချယ်​ခြင်း​ဖြင့်​အသုံးပြု​ရာ​မှ သင်​သည် သင်​၏(ပ​ရို​ဖိုင်း)ဖော်​ပြ​ချက်​တွင် သင်​၏​ကိုယ်​ပိုင်​နှစ်သက်​မှု​အတိုင်း​စီ​စစ်​ယူ​မှု​ကိရိယာ​ကို​ထား​ရန်၊ သင်​၏​စိတ်ဝင်စား​မှု​နှင့် သင်​၏​ပထဝီ​ဝင်​အနေအထား​နှင့်​နီး​ကပ်​သော​အသုံးပြု​သူ​များ၊အုပ်စု​များ​နှင့်​ရင်း​မြစ်​များ​ကို ရှာ​ရန်“similar to me-ကျွန်ုပ်​နှင့်​တူညီ​ပါ” ကို​နှိပ်​နိုင်​သည်။ သင်​၏​ရှာဖွေ​မှု​ပြီး⁠ပြီး​နောက်​စီ​စစ်​ယူ​မှု​ကိရိယာ​ကို​ရှင်းလင်း​ရန်​မ​မေ့​ပါ​နှင့်။ သို့မဟုတ်​ပါ​က သင်​သည် ဘာ​ကြောင့်​အချို့​သော​အရာ​များ​သည်​စာရင်း​တွင်​ပျောက်​ဆုံး​နေ​သလဲ​ဟု​အံ့​သြ​ကောင်း​အံ့​သြ​နေ​လိမ့်​မည်။ ကွဲပြား​ခြား​နား​သော​အမြင်​ပုံပန်း​သဏ္ဍာန်​တစ်​ခု​သည် စီ​စစ်​ယူ​မှု​ကိရိယာ​သည် (စီ​စစ်​ယူ​မှု​ကိရိယာ​ကို​ဖွင်​ရန်​မ​ရှိ​ဘဲ) ပွင့်​နေ​သလား သို့မဟုတ် ပိတ်​နေ​သလား​ဆို​သည်​ကို​မြင်​ရန် သင့်​ကို​ကူညီ​ပါ​လိမ့်​မည်။

(တိတ်စ်) အဓိက​စကားလုံး​များ​ဖြင့်​စီ​စစ်​ယူ​ခြင်း

(တိတ်စ်)အဓိက​စကားလုံး​များ​ကို​အဆင့်​အမျိုး​မျိုး​တွင်​ဖွဲ့​စည်း​ထား​သည်။ မိဘ(တိတ်)တစ်​ခု​ဖြင့်​စီ​စစ်​ယူ​ခြင်း​သည် ၄င်း​၏​ကလေး(တိတ်စ်)များ​အတွက်​အရာ​အားလုံး​ကို ရှာ​လည်း​ရှာ​ပါ​လိမ့်​မည်။ဥပမာ​အား​ဖြင့် “လူ့​အခွင့်အရေး”ဟုဖော်​ပြ​ထား​သော​တွဲ​ဖိုင်​တစ်​ခု​သည် “လွတ်လပ်​စွာ​ပြောဆို​ခွင့်”၊ “ကလေး​အခွင့်အရေး​များ” ဟူ​သော(တိတ်စ်)အဓိက​စကားလုံး များ​ကို​လည်း​ရှာဖွေ​လိမ့်​မည်။ဤ​နည်း​လမ်း​သည် သင်​သည် ယေဘုယျ​အကြောင်းအရာ​များ၊သီး​သန့်​ခေါင်းစဉ်​များ​အတွက်​ကျယ်​ပြန့်​စွာ​ရှာ​နိုင်​ပါ​သည်။

တည်​နေရာ​အား​ဖြင့်​စီ​စစ်​ယူ​ခြင်း

တည်​နေရာ​စီ​စစ်​ယူ​ခြင်း​ကိရိယာ​ကို​အဆင့် ၂ တွင်​လျှောက်ထား​ပါ​သည်။ပထမ​အဆင့်​သည် သင်​သည်​သင်​၏​ရှာဖွေ​မှု​ဗဟို​နေရာ​ကို​မြေ​ပုံပေါ်​တွင်​နှိပ်​ခြင်း​ဖြင့်​ထား​သည်။ ဒုတိယ​အဆင့်​သည် သင်​သည်​ထို​ဗဟို​နေရာ​၏​အချင်း​ဝန်းကျင်​အတွင်း​နှိပ်​ပြီး​ရှာဖွေ​မှု​ကို​ထား​သည်။ ယခု​သင်​သည်​မြေ​ပုံပေါ်​တွင်(ပင်)နေရာ​စိုက်​ထား​ချက် ၂ ခု​ကို​တွေ့​လိမ့်​မည်။ ပထမ​သည်​ဗဟို​ချက်မ​နေရာ​အတွက်၊ နောက်​တစ်​ခု​သည်​ဗဟို​၏​အချင်း​ဝန်းကျင်​အတွက်​ဖြစ်​သည်။အမှတ်အသား​များ​နှစ်​ခု​စလုံး​ကို​သူ​တို့​ဝန်းကျင်​ပတ်လည်​တွင်​ရွေ့​နိုင်​သည်။ အကယ်၍​အမှတ်အသား​များ​ကို​ရွေ့​ချင်​ပါ​က အောက်​ခြေ​တွင်​ရှိ​သော”ကြည်လင်​ပီ​သ​စွာ​မြင်​ပါ” ကို​နှိပ်​ပါ ။စီ​စစ်​ယူ​မှု​ဖန်​သား​ပြင်ပေါ်​တွင်​မြေပုံ​သည် နေရာ​ကို​ရှာဖွေ​ရန်​အတွက်​ဖြစ်​နိုင်​ခြေ​ကို​ပေး​ပါ​လိမ့်​မည်။


အုပ်စု​များ၊ရင်း​မြစ်​များ​နှင့်​အခြား​သော​အသုံးပြု​သူ​များ​နှင့်​အတူ​အတွ​ငး​်​ပိုင်း​ဆောင်ရွက်​ခြင်း

အသုံးပြု​သူ​အဖြစ်​သင်​သည်​အခြား​သော​အသုံးပြု​သူ​များ၊အုပ်စု​များ​နှင့်​ရင်း​မြစ်​များ​သို့​ဆက်​သွယ်​ရန်​ရွေးချယ်​နိုင်​ပါ​သည်။ ဤ​အရာ​ကိုသူငယ်ချင်း​အဖြစ်(အသုံးပြု​သူ​များ)၊ အဖွဲ့​ဝင်​အဖြစ်(အုပ်စု​များ) သို့မဟုတ် အဖွဲ့​ဝင်​ထား​ခြင်း​အဖြစ်(ရင်း​မြစ်​များ) ဟုခေါ်​သည်။ ဤ​ဆက်​သွယ်​ချက်​များ​သည်​သင်​ကို​အဓိက​အကျိုး​ကျေးဇူး ၃ ခု​ကို​ပေး​သည် - သင်​တွင်​ဆက်​သွယ်​ထား​သော​အရာ​များ​နှင့်​အတူ​အတွင်း​ပိုင်း​ဆောင်ရွက်​ရန်​ဖြစ်​နိုင်​ခြေ​များ​ပိုမို​၍​ရှိ​သည်။ ဥပမာ- သ​တင်း​များ​ပို့​ခြင်း၊အုပ်စု​စကားပြော​ခြင်း​တွင်​ပါဝင်​ခြ​ငး​် သို့မဟုတ် ရင်း​မြစ်​များ​တွင်​ဝေဖန်​သုံးသပ်​မှု​ပေး​ခြင်း ဆက်​သွယ်​ချက်​များ​သည်​အရာ​များ​ကို​မှတ်သား​ထား​ပြီး​နည်း​လမ်း​တစ်​ခု​ဖြစ်​သည့်​အတွက်​နောက်​တစ်​ကြိမ်​ဝင်​ရောက်​ရန်ပို​မို​လွယ်ကူ​သည်။ ဆက်​သွယ်​ချက်​များ​သည်​သင့်​ကို ဘယ်​အုပ်စု​က​ဘာ​တွေ​လုပ်​နေ​သလဲ၊ ဘယ်​သူ​က​သီး​သန့်​ရင်း​မြစ်​တစ်​ခု​တွင်​စိတ်ဝင်စား​နေ​သလဲ စ​သည့်​အသုံးပြု​သူ​၏​စိတ်ဝင်စား​မှု​စိတ်ကူး​ထင်မြင်​ချက်​ကို ပေး​နိုင်​သည်။ ၄င်း​သည်​အခြား​သော​နည်း​လမ်း​ကို လုပ်​လည်း​လုပ်​နိုင်​သည် - အခြား​သော​အသုံးပြု​သူ​များ​သည်​သင်​၏​ဆက်​သွယ်​ချက်​များ​ကို​မြင်​နိုင်​သည် 3)၊ သူ​တို့​၏​ရုပ်ပုံ​သည်​သင့်​ကိုလျော်​ညီ​စွာ​ဖွဲ့​စည်း​သည်။

အသုံးပြု​သူ​များ​နှင့်​အတူ​သူငယ်ချင်း​အဖြစ်

သင်​သည်​အခြား​သော​အသုံးပြု​သူ​များ​မည်​သူ​ကို​မ​ဆို​သူငယ်ချင်း​အဖြစ်​တောင်း​ဆို​နိုင်​သည်။သူငယ်ချင်း​အဖြစ်​သည်​တောင်း​ဆို​မှု​ကို​လက်ခံ​ပြီး​နောက်​ချက်ချင်း​အကျိုး​သက်ရောက်​လိမ့်​မည်။ဆိုလို​သည်မှာ-သူငယ်ချင်း​အဖြစ်​သည်​အပြန်​အလှန်​ဖြစ်​သည်။ သူငယ်ချင်း​အဖြစ်​သင်​တက်​နိုင်​သော​အရာ​အချို့​ရှိ​သည်-

  • သင်​သည်​သင့်​သူငယ်ချင်း​၏​မြင်​နိုင်​သော​နောက်​ခံ​ဝန်းကျင်​အသေး​စိတ်​အချက်​အချို့​ကို​ကြည့်​ရှု​နိုင်​သည်။
  • သင်​သည်​ပုဂ္ဂလိက​သ​တင်း​များ​ကို​အချင်းချင်း​ပို့​နိုင်​သည်။
  • သူ/သူမ​ကို​သင်​၏​အိမ်​ဖန်​သား​ပြင်​တွင်​အလွယ်​တ​ကူ​ဝင်​ရန်​စာရင်းဝင်​ပြုစု​လိမ့်​မည်။

အုပ်စု​များ​တွင်​အဖွဲ့​ဝင်​အဖြစ်

သင်​သည်​အုပ်စု​တစ်​ခု​၏​အဖွဲ့​ဖြစ်လာ​နိုင်​သကဲ့သို့​တူညီ​သော​အကျိုး​သက်ရောက်​မှု​များ​ရှိ​လိမ့်​မည်-

  • သင်​သည်​အုပ်စု​ကို​ပိတ်​ထား​ရင်တောင်​မှ​မာ​တိ​ကာ​ကို​မြင်​နိုင်​သည်။
  • သင်​သည်​အုပ်စု​လိုက်​စကားပြော​ခြင်း​ကို​အသုံးပြု​နိုင်​သည်။
  • ၄င်း​ကို​သင်​၏​အိမ်​ဖန်​သား​ပြင်​တွင်​လွယ်ကူ​စွာ​ဝင်​နိုင်​ရန်​စာရင်းဝင်​ပြုစု​လိမ့်​မည်။

ပိတ်​ထား​သော​အုပ်စု​ကို​ဆက်​သွယ်​ခြင်း

ပိတ်​ထား​သော​အုပ်စု​များ​သည်​အထူး​ကာ​ကွယ်​ခြင်း​ကို​နှစ်သက်​သည်။အဖွဲ့​ဝင်​အဖြစ်​တောင်း​ဆို​ရန်နည်း​လမ်းမ​ရှိ​ပေ။အကယ်၍​သင့်​မှာ​အုပ်စု​သော့(ကီး)ရှိ​လျှင်4), သင်​သည်​ပိတ်​ထား​သော​အုပ်စု​ကို​ဆက်​သွယ်​နိုင်​သည်။ ၄င်း​ကို​အုပ်စု​ပိုင်​ရှင်​က​အထောက်​အပံ့​ပြု​သည်။ 5)

ရင်း​မြစ်​သို့​အဖွဲ့​ဝင်​ခြင်း

အကယ်၍​သင်​သည်​ရင်း​မြစ်​တစ်​ခု​ကို​အဖွဲ့​ဝင်​လျှင်​သင်​သည်​အောက်​ပါ​အကျိုး​ကျေးဇူး​များ​ကို​ရ​ရှိ​နိုင်​သည်-

  • သင်​သည်​ရင်း​မြစ်​ကို​ပိတ်​ထား​ရင်တောင်​မှ​မာ​တိ​ကာ​ကို​မြင်​နိုင်​သည်။
  • သင်​သည်​ထို​ရင်း​ဖြစ်​ကို​ဝေဖန်​သုံးသပ်​ချက်​ပေး​နိုင်​သည်။
  • ၄င်း​ကို​သင်​၏​အိမ်​ဖန်​သား​ပြင်​တွင်​လွယ်ကူ​စွာ​ဝင်​နိုင်​ရန်​စာရင်းဝင်​ပြုစု​လိမ့်​မည်။

အုပ်စု​ရင်း​မြစ်​များ

တစ်​ဦး​တစ်​ယောက်​တည်း​အတွက်​သာ​မက​အုပ်စု​လိုက်​အတွက်​လည်း​ရင်း​မြစ်​မှ​အကျိုး​ကျေးဇူး​ရ​ရှိ​နိုင်​သည်။ထို့​ကြောင့်​အုပ်စု​များ​သည်​အသုံးပြု​သူ​များ​ကဲ့သို့​ရင်း​မြစ်​များ​သို့​အဖွဲ့​ဝင်​နိုင်​သည်။ ရင်း​မြစ်​များ​ကို​အုပ်စု​ရင်း​မြစ်​များ​အကြား​နှင့်​အုပ်စု​မှ​ရင်း​မြစ်​သို့​အပြည့်​အဝ​ဝင်​ရောက်​သော​အဖွဲ့​ဝင်​များ​အကြား​စာရင်းဝင်​ပြုစု​လိမ့်​မည်။ ဤ​အဖွဲ့​ဝင်​ခြင်း​များ​ကို​၄င်း​အုပ်စု​၏​ပိုင်​ရှင်​များ​နှင့်​ထိန်း​ချုပ်​သူ​များ​က​ပြုလုပ်​နိုင်၊ပယ်ဖျက်​နိုင်​သည်။


မြင်သာ​နိုင်​မှု​မှ​ပုဂ္ဂလိက(ကိုယ်​ရေး​ကိုယ်​တာ)ကို​ရွေးချယ်​ခြင်း

ကိုယ်​ရေး​ကိုယ်​တာ​ဆိုင်​ရာ​ကို​သူ​တို့​၏မြင်သာ​နိုင်​မှုထား​ခြင်း​ဖြင့်(ပ​လိပ်​ဖောင်း)ကွန်ပျူတာ​ဆော့​ဝဲ​ဇယား​တစ်​ခု​လုံး​မှ​ကိုက်​ညီ​စွာ​စီစဉ်​ဆောင်ရွက်​နိုင်​ပါ​သည်။ အသုံးပြု​သူ​များ၊အုပ်စု​များ​နှင့်​ရင်း​မြစ်​များ​၏​အစိတ်​အပိုင်း​တစ်​ခု​စီ​သည်​သူ​တို့​၏​ကိုယ်​ပိုင်​မြင်သာ​နိုင်​မှု​ရ​ရှိ​နိုင်​ပါ​သည်။ မြင်သာ​နိုင်​မှု​၏​အမျိုး​အစား ၃ ခု​မှာ- ကမ္ဘာ ဆိုလို​တာ​က- အသုံးပြု​သူ​များ​နှင့်​အလည်​ဝင်​ရောက်​သော​သူ​များ​သည်(အကယ်၍​ဆိုင်း​အင်​ဝင်​မ​ထား​ရင်တောင်​မှ)မာ​တိ​ကာ​အပါအဝင်​ဤ​အရာ​ကို​မြင်​နိုင်​သည်။ မှတ်ပုံတင်​ခဲ့​သည်ဤ​ကိစ္စ​ရပ်​တွင် လူ​များ​ကို​အဆင့်​သင့်​ပြင်ဆင်​ဆောင်ရွက်​ရန်​နှင့် (ဆိုင်း​အင်)ဝင်​ရောက်​ရန် မှတ်ပုံတင်​ရ​ပါ​မည်။ ဤ​သ​တင်း​အချက်အလက်​သည် လူစု​လူ​ဝေး​အသင်း​အဖွဲ့​နေရာ​အတွင်း​တည်​ရှိ​ပါ​သည်။ ပိတ်​ခဲ့​သည်(သူငယ်ချင်း/အဖွဲ့​ဝင်/အဖွဲ့​ဝင်​လျောက်​ထား​သူ)- ဤ​အရာ​သည်​ကန့်သတ်​မှု​အရှိ​ဆုံး​ရွေးချယ်​မှု​ဖြစ်​သည်။အသေး​စိတ်​အချက်အလက်​များ​ကို သူငယ်ချင်း(အသုံ​ု​ပြု​သူ​၏)၊ အဖွဲ့​ဝင်​များ(အုပ်စု​၏)၊ အဖွဲ့​ဝင်​လျေက်​ထား​သူ​များ(ရ​ငး​်​မြစ်​၏) အား​ဖြင့်​သာ​ဝင်​ရောက်​နိုင်​ပါ​သည်။အုပ်စု​၏​ကိစ္စ​တွင် သင်​သည်(ကီး)သော့​မ​ရှိ​ဘဲ အုပ်စု​ကို​မ​ဆက်​သွယ်​နိုင်​ပါ။ရင်း​မြစ်​ကိစ္စ​တွင်​လည်း​သင်​သည်(ကီး)သော့​မ​ရှိ​ဘဲ​ရင်း​မြစ်​သို့​အဖွဲ့​ဝင်​မ​လျောက်​ထား​နိုင်​ပါ။ သင်​သိ​သင့်​သော​အရး​ကြီး​သော​မှတ်စု​မှတ်​ရာ​များ​အချို့​ရှိ​သည်-

  • မည်​သည့်​မြင်သာ​နိုင်​မှု​မ​ဆို​သင်​၏​ဒေ​တာ​ကို​အုပ်ချုပ်​သူ​များ​နှင့်​စီစဉ်​ညွှန်​ကြား​သူ​များ​ဖြင့်​ဝင်​ရောက်​နိုင်​သည်။6)
  • အုပ်စု​တွင်း​စကားပြော​ခြင်း​နှင့်​ရင်း​မြစ်​များ​ကို​ဝေဖန်​သုံးသပ်​မှု​ပေး​ခြင်း​များ​သည်​အမြဲ​တမ်း​မြင်သာ​နိုင်​မှု​ရှိ​ခြင်း​သကဲ့သို့​ဖြစ်​သည်။

ပိတ်​ခဲ့​သည်အသုံးပြု​သူ​၏​ကိုယ်​ရေး​ကိုယ်​တာ​သ​တင်း​များ​ကို​ပို့​သူ​နှင့်​လက်ခံ​သူ​သာ​လျှင်​မြင်​နိုင်​သည်။


တ​လွဲ​အသုံးပြု​မှု​ကို​သ​တင်း​ပို့​ခြင်း

အကယ်၍​သူ​တို့​သည်​စည်းမျဉ်း​စည်းကမ်း​များ​ကို​ချိုး​ဖောက်​ပါ​က​အသုံး​ပြူ​သူ​များ​သည်(click ) အရာ​အားလုံး​ကို​သ​တင်း​ပို့​နိုင်​သည်။ (ဥပမာ- အကယ်၍​သူ​တို့​သည်ကြော်​ငြာ​စာ​များ​အတောင်း​ခံ​ဘဲ​ပို့​ခြင်း သို့မဟုတ် မ​သင့်လျော်​သော​ဘာသာ​စကား၊ အမုန်း​စကား​များ​အသုံးပြု​ခြင်း သို့မဟုတ် အကယ်၍​အရာ​တစ်​ခု​ကို​အမှား​ဖြင့်​ဖန်တီး​မိ​ခြင်း) သ​တင်း​ပို့​တိုင်တန်းချက်​များ​ကို​စီစဉ်​ညွှန်​ကြား​သူ​များ​နှင့်​ထိန်း​ချုပ်​သူ​များ​က​တာဝန်​ယူ​လုပ်ဆောင်​မှာ​ဖြစ်​ပြီး သူ​တို့​သည်​အသုံးပြု​သူ​များ သို့မဟုတ် ပိုင်​ရှင်​များ​ထံ​သို့​သတိပေး​ခြင်း​ကို ကိုယ်​ရေး​ကိုယ်​တာ​သ​တင်း​ပို့​ခြင်း​စနစ်​ဖြင့်​ပို့​ခြင်း​နှင့် သူ​တို့​သည်​အသုံးပြု​သူ၊အုပ်စု သို့မဟုတ် ရင်း​မြစ်​ကို​နစ်နာ​အောင်(လုပ်ဆောင်​ခွင့်​မ​ရှိ​အောင်)တောင်​မှ ပြုလုပ်​နိုင်​ပါ​သည်။ အကယ်၍​အသုံးပြု​သူ​များ​သည်​အကျိုး​မ​ပြု​သော(အပြု​သဘော​မ​ဆောင်​သော)အုပ်စု​များ သို့မဟုတ် ရင်း​မြစ်​များ​ဖန်တီး​ခြင်း​ကို​တွေ့​ရှိ​ပါ​က သူ​တို့​သည်​သူ​တို့​၏​အကောင့်​ကို​ဆက်လက်​အသုံးပြု​နေ​စဉ်​နင့် (လော့​အင်)ဝင်​နိုင်​နေ​စဉ်​မှာ​ပင် သူ​တိ​ို့​ကို သူ​တို့​၏​အုပ်စု​များ​နှင့်​ရင်း​မြစ်​များ ဖန်တီး​ပိုင်​ခွင့်​ကို​မ​ရှိ​အောင်​လုပ်​နိုင်​သည်။

1) ကျွန်တော်​တို့​သည် အနာဂတ်​မူ​တစ်​ခု​တွင် သတိပေး​စာ​များ​ကို​လက်ခံ​ရ​ရှိ​ရန်​ဖြစ်​နိုင်​ချေ​ကို​ပေါင်း​ထည့်​လိမ့်​မည်။
2) ကြော်​ငြာ​စာ​များ​ကို​ကာ​ကွယ်​ရန်​ကြိုတင်​စီမံ​မှု​အတွက်​အီး​မေးလ်​နှင့် အိုင်​ပီ​လိပ်စာ​များ​ကို ပြင်​ပစု​စည်း​ထား​သော​ဒေ​တာ​များ​တွင်​စစ်ဆေး​ပါ​လိမ့်​မည်။
3) သင်​၏​ကိုယ်​ပိုင်​မြင်​နိုင်​မှု​မ​ရှိ​ဘဲ​နောက်​ခံ​ဝန်းကျင်​များ​သည်​သင့်​ကို​မြင်​နိုင်​မှု​ပြုလုပ်​သည်
4) a URL containing a custom sequence
5) ၄င်း​သော့​ကို​အခြား​သော​တစ်​နေရာ​ရာ​မှ​ပို့​ရန်​တက်​နိုင်​သည်။
6) သို့သော်​လည်း​ကိုယ်​ရေး​ကိုယ်​တာ​သ​တင်း​မှ​လွဲ​၍ စနစ်​စီစဉ်​ညွှန်​ကြား​ဆောင်ရွက်​သူ သို့မဟုတ် ဒေ​တာ​စုစည်း​မှု​များ၊ ဟက်​ဝဲ၊ဆာ​ဗာ​ထိန်း​ခြင်း​စ​သည်​တို့​ကို ဝင်​ရာက်​နိုင်​ခွင့်​ရှိ​သူ​သည် ကြည့်​နိုင်​သည်။
my/manual/detailed_user_instructions.txt · Last modified: 2013/12/10 10:45 (external edit)