mycitizen.net

Social Networking for Civil Society

User Tools

Site Tools


Sidebar

twitter facebook github Flattr this blog support forum



Get Started


Options


Deployments


Get Involved


Legal


Share

my:manual:crash_course

mycitizen.net အနီး​ကပ်​ရက်​တို​သင်​တန်း

ပထမ​အဆင့်

  1. ၁။ သင့်​အသုံးပြု​သူ​အမည်၊ အီး​မေးလ်​လိပ်စာ​တို့​ဖြင့်​အရင်​ဆုံး​စာရင်း​သွင်း​ပါ။ ပြီး​လျှင် လင့်ခ်​ကို​နှိပ်​၍ ထိုသို့​စာရင်း​သွင်း​ခြင်း​ကို​အတည်ပြု​ရ​မည်​ဖြစ်​ပြီး အတည်ပြု​စာ​သည်​သင့်​အီး​မေးလ်​စာတိုက်​ပုံး​သို့ ရောက် လာ​မည်​ဖြစ်​သည်။ ထိုသို့​စာရင်း​သွင်း​ပြီး​ပါ​က ဤ​ဝက်​ဆိုက်​ကို​စတင်​အသုံးပြု​၍​ရ​ပြီ​ဖြစ်​သည်။
  2. ၂။ သင့်​ကိုယ်​ရေး​အချက်အလက်​များ​ကို​ရေး​သွင်း​ပါ။ တ​ခု​သို့မဟုတ်​တ​ခု​ထက်​ပို​သော tags များ​ကို​ရွေး ချယ်​ပါ။ ယင်း tags များ​က​သင့်​လှုပ်ရှား​မှု​နှင့်​စိတ်ဝင်စား​သော​အကြောင်းအရာ​များ​ကိုဖော်​ပြ​နေ​မည် ဖြစ်​သည်။ သင်​ရောက်​ရှိ​နေ​သော​နေရာ​ကိုဖော်​ပြ​လို​ကဖော်​ပြ​နိုင်​ပါ​သည်။
  3. ၃။ သင့်​ကို​မည်​သူ​တွေ​မြင်​တွေ့​နိုင်​သည်​ဆို​သော​အချက်​ကိုဖော်​ပြ​ဘို့​မ​မေ့​ပါ​နှင့်။ အင်​တာ​နက်​တ​ခု​လုံး​က သင့်​ကို​မြင်​တွေ့​နိုင်​သ​လော၊ သို့မဟုတ် သင့်​လို​ယခု​ဝက်​ဆိုက်​တွင် sign up လုပ်​ထား​သူ​များ​သာ​မြင်​တွေ့ စေ​လို​သည်​လော၊ သင့်​မိတ်ဆွေ​များ​သာ​မြင်​တွေ့​စေ​လို​သည်​လော​ဆို​သည်​ကို ရွေးချယ်​ရန်​ဖြစ်​သည်။
  4. ၄။ လုပ်​စရာ​ဒါ​အကုန်​ဘဲ​ဖြစ်​ပါ​သည်။ ယခု​ဆက်​တင်​များ​ကို​သိမ်းဆည်း​ရန်​မ​မေ့​ပါ​နှင့်။ ယခု​အချိ​ိန်​မှ​စ​၍ mycitizen.net ကို​အသုံးပြု​၍​ရ​ပြီ​ဖြစ်​သည်။

သင်​အလို​ရှိ​သည်​ကို​ရှာဖွေ​ရန်

ရှာဖွေ​ခြင်း​ကို filters များ​ခံ​၍​ပြုလုပ်​ရန်​ဖြစ်​သည်။ ထိုသို့​သုံး​ခြင်း​ဖြင့် သင်​အလို​ရှိ​ရာ အသုံးပြု​နေ​သူ​များ၊ အုပ်စု​များ နှင့် အလို​ရှိ​ရာ​အချက်အလက်​တို့​ကို လွယ်ကူ​စွာ​ရှာဖွေ​နိုင်​မည်​ဖြစ်​သည်။ filter အသုံးပြု​ရာ​တွင်

  • နာမည်​တွင်​ပါ​၀င်​သည့်​စာလုံး​များ
  • အကြောင်းအရာ​နှင့်​ခေါင်းစဉ်​ကိုဖော်​ပြ​သည့် tags များ
  • တည်​နေရာ (မြေပုံ​ကို​ဖွင့်​ပြီး ဗဟို​ချက်​နေရာ​ကို​အရင်​ရွေး​ပါ ပြီး​လျှင်​သင်​ရှာဖွေ​လို​သည့်​ထို​ဗဟို​ချက် မှ​အချင်း​ဝက်​မည်​မျှ​ဆို​သည်​ကို​ရွေးချယ်​ပါ)
  • ဘာသာ​စကား
  • အကြောင်းအရာ​အချက်အလက်​တို့​အတွက် ဗွီ​ဒီ​ယို၊ အော်​ဒီ​ယို၊ အဖြစ်အပျက်​အခမ်းအနား၊ အသင်း​အဖွဲ့​အမည် စ​သည်​ကို​ရိုက်​ပါ

အုပ်စု​ထဲ​ဝင်​ခြင်း

စိတ်ပါ​၀င်​စား​မှု၊ အကြောင်းအရာ၊ လှုပ်ရှား​မှု​တို့​ကို​မူ​တည်​၍​အုပ်စု​များ​ဖွဲ့​ထား​ခြင်း​ဖြစ်​သည်။ ယင်း​အုပ် စု​များ​သည်​ပြင်​ပ​တွင်​တကယ်​ရှိ​နေ​သည့် အုပ်စု​များ အဖွဲ့​အစည်း​များ​မဟုတ်​ဘဲ ယခု​ဝက်​ဆိုက်​ကို အသုံးပြု​နေ​သူ​အချင်းချင်း​အကြား စကား​စ​မြည်​ပြော​ရန်၊ အရေးကြီး​သ​တင်း​အချက်အလက်​များ ဖ​လှယ်​ရန်​အတွက်​သာ​ာ​ဖြစ်​သည်။

နေရာ​တ​နေရာ​နှင့်​ဆက်​စပ်​သော​အချက်အလက်​များ​အဓိက​ပါ​၀င်​သည့် အကြောင်းအရာ​ဖြစ်​လျှင် အုပ်စု​ကို​အဆို​ပါ​နေရာ​ကို​အခြေ​ခံ​ဖွဲ့​စည်း​နိုင်​သည်။

အဖွဲ့​ဝင်​သစ်​လက်ခံ​ခြင်း​ကို​ပိတ်​ထား​ခြင်း​မ​ပြု​သေး​သော​မည်​သည့်​အုပ်စု​သို့​မ​ဆို​ဝင်​ရောက်​နိုင်​သည်။ mycitizen.net ကို​အချိန်​အတန်​ကြာ​အသုံးပြု​ပြီး​ပါ​က သင်​ကိုယ်တိုင်​အုပ်စု​တ​ခု​ဖွဲ့​စည်း​တည်ထောင် နိုင်​သည်။

သ​တင်း​အချက်အလက်​များ​ကို​ရှာဖွေ​စစ်ဆေး​ခြင်း

သင့်​လှုပ်ရှား​မှု​များ​အတွက် သ​တင်း​အချက်အလက်​ပေါင်း​စုံ​လို​အပ်​ပါ​သည်။ ဗွီ​ဒီ​ယို၊ ၀က်​ဆိုက်​များ​သို့​သွား သည့်​လင့်ခ်​များ၊ အဖွဲ့​အစည်း​များ​အကြောင်းဖော်​ပြ​ထား​သည့် သင့်​ကို​အထောက်​အကူ​ပြ​နိုင်​သော​အချက် အလက်​များ၊ ဥပဒေ​စာသား​များ စ​သည့်​အကြောင်းအရာ​ပေါင်း​စုံ​တို့​ဖြစ်​သည်။ ယင်း​တို့​ကို သ​တင်း​အချက် အလက်​များ (resources) ဟုခေါ်​ပါ​သည်။

ယခု​ဝက်​ဆိုက်​ကို​အသုံးပြု​သူ​တ​ဦး​အနေ​ဖြင့် ဤ​သ​တင်း အချက်အလက်​များ​ကို​ရ​ယူ​အသုံးပြု​နိုင်​ပါ​သည်။ သုံးစွဲ​သည့်​အချိန်​အတန်​ကြာ​လျှင် သင့်​ကိုယ်​ပိုင် သ​တင်း အချက်အလက်​အုပ်စု​တ​ခု​ကို​ဖန်တီး​ပြုလုပ်​နိုင်​ပါ​သည်။

my/manual/crash_course.txt · Last modified: 2014/05/16 11:17 by Christoph