mycitizen.net

Social Networking for Civil Society

User Tools

Site Tools


Sidebar

twitter facebook github Flattr this blog support forum



Get Started


Options


Deployments


Get Involved


Legal


Share

my:about:start

၀က်ဆိုက်အကြောင်း

mycitizen.net သည် Burma Center Prague မှစတင်ကြံဆအကောင်အထည်ဖော်ခဲ့သောစီမံကိန်း တခုဖြစ်သည်။ ရပ်ရွာလူမှုအသို်င်းအဝန်းများအကြား အရပ်ဖက်အဖွဲ့အစည်းများ၏လှုပ်ရှားမှုများကို အထောက်အကူပြုသည့် လူမှုကွန်ရက်တခုဖြစ်သည်။ ယင်းသည် ဘာသာစကားပေါင်းစုံဖြင့် တင်ထားရန် အထူးသင့်တော်သည့်ဝက်ဆိုက်ဖြစ်သည်။ အင်တာနက်ကွန်ရက်မကောင်းသည့်နေရာများ၊ လှုပ်ရှားတက် ကြွသူများ၏ အမည်နာမနှင့်လုံခြုံမှုကိုကာကွယ်ရန်လိုအပ်သောနေရာများ၌လည်းအထူးအသုံးဝင်သည်။

ဤစီမံကိန်းသည်ယခုလောလောဆယ်၌ တည်ဆောက်ဆဲအဆင့် တွင် သာရှိသည်။


UkZDu58fLSE?.swf

အပျော့ထည်နှင့်ပလက်ဖောင်း

mycitizen.net သည် ၀က်ဆိုက်အခြေပြုပလက်ဖောင်းနှင့် မိုဘိုင်း apps တို့နှစ်ခုလုံးပါ၀င်သည်။ သင့် ကိုယ်ပိုင်တင်ထားလိုသည်များ ကိုတင်ထားနိုင်သည့် အခမဲ့အပျော့ထည် တခုကို ၀က်ဆိုက်အခြေပြု mycitizen.net တွင်ရရှိနိုင်သည်။ ဤဝက်ဆိုက်တွင်ပါရှိသည့် မိုဘိုင်းအသုံးပြုပရိုဂရမ် ကို Android စနစ်သုံးမိုဘိုင်းအားလုံးတွင်အသုံးပြုနိုင်သည်။ ယင်းမိုဘိုင်းအသုံးပြုစနစ်တွင်လည်း မိမိတင်လိုသည့် deployments များကိုတင်ထားနိုင်သည်။

လိုင်စင်

ယခုအပျော့ထည်ကို GPL v3 စနစ်ဖြင့်ထုတ်လုပ်ဖြန့်ချိသည်။ အသေးစိတ်ကို License တွင်ကြည့်ပါ။

အစီအစဉ်

ယခုစီမံကိန်းသည်လတ်တလော၌လှုပ်ရှားသက်ဝင်တည်ဆောက်ဆဲဖြစ်သည်။ အသေးစိတ်ပိုမိုသိရှိနိုင် ရန် လမ်းပြမြေပုံကိုကျေးဇူးပြု၍စစ်ဆေးကြည့်ရှုပါ။ တည်ဆောက်ဆဲဗားရှင်းကိုသွားနိုင်သည့် လင့်ခ် ကို Burma Centre Prague မှရယူနိုင်ပြီး ယခုစီမံကိန်းတွင်ပါ၀င်ဆောက်ရွက်နေသူများထံရောက် ရှိနိုင်ပါသည်။

သတင်းများ

ကျွန်ုပ်တို့ဘလော့တွင် အသစ်တင်သမျှကိုရယူပါ။ twitter Twitter နှင့် facebook Facebook လူမှုကွန်ရက်များတွင် follow လုပ်ပါ။

ထောက်ပံ့မှု

လက်စွဲစာစောင် ကိုကြည့်ပါ။ မကြာခဏမေးမြန်းခံရသောမေးခွန်းများ ကိုစစ်ဆေးကြည့်ရှုပါ။ ဖိုရမ် ကိုတိုက်ရိုက်သွားလေ့လာပါ။

အလှူရှင်များ

ဤစီမံကိန်းကို ချက်သမတနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ အသွင်ကူးပြောင်းမှုမြှင့်တင်ရေး အစီအစဉ် (Transition Promotion Program) မှရရှိသောအရင်းအမြစ်များ ဖြင့် ထောက်ပံ့ သည်။

More supporters

my/about/start.txt · Last modified: 2013/10/24 14:52 (external edit)